အန္တရာယ်ဖြစ်နိုင်ခြေကို အရေးပေါ် ဆက်သွယ်ပြန်ကြားခြင်း မဟာဗျူဟာ
2019
Vanderford, L.M. | Frost, M. | Han, W.W.
ဤ “အန္တရာယ်ဖြစ်နိုင်ခြေကို အရေးပေါ်ဆက်သွယ်ပြန်ကြားခြင်း မဟာဗျူဟာ (Emergency Risk Communication Strategy)” စာအုပ်ကို လက်တွေ့အသုံးချနိုင်ရန် ပြုစုထားပြီး မွေးကုဦးစီးဌာန၏ ဆက်သွယ်ပြန်ကြားခြင်း လုပ်ငန်းများနှင့်ဆက်စပ်သည့် အခြေခံသဘောတရားများနှင့်လည်း ချိတ်ဆက် ပေးထားပါသည်။ ဤမဟာဗျူဟာတွင် လုပ်ငန်းများ သက်ဝင်လှုပ်ရှားလာစေရန် ဆက်သွယ်ပြန်ကြားရေး နည်းလမ်းများအသုံးပြုခြင်း၊ ဆက်သွယ်ပြန်ကြားရေးဆောင်ရွက်မှုများဖြင့် ယုံကြည်အားထားမှု တည် ဆောက်ခြင်း၊ သတင်းစကားပြုစုခြင်းစသည့် အခန်းများနှင့် နောက်ဆက်တွဲများအဖြစ် သတင်းမီဒီယာ များနှင့် ဆက်သွယ်ဆောင်ရွက်ခြင်းဆိုင်ရာ လမ်းညွှန်ချက်၊ လူထုတွေ့ဆုံပွဲများတွင် ပြောရေးဆိုခွင့်ရှိသူ အတွက် လမ်းညွှန်ချက်၊ ပိုစတာဒီဇိုင်းအတွက် လမ်းညွှန်ချက်၊ ကောလာ ဟလနှင့် သတင်းအမှားများကို ဖြေရှင်းခြင်း စသည်တို့ကို ဖော်ပြထားပါသည်။ ထိုအကြောင်းအရာများသည် မွေးကုဦးစီးဌာန ၏ဝန်ထမ်းများသာမက မိတ်ဖက်အဖွဲ့အစည်းများမှ ဆက်သွယ်ပြန်ကြားရေး တာဝန်ခံများ နှင့်/သို့မဟုတ် စေတနာ့ဝန်ထမ်းများ၏ ဆက်သွယ်ပြန်ကြားရေးစွမ်းရည် တိုးတက်စေရေးအတွက် အလွန်အသုံးဝင် ပါလိမ့်မည်။
Mostrar más [+] Menos [-]Palabras clave de AGROVOC
Información bibliográfica
Este registro bibliográfico ha sido proporcionado por Food and Agriculture Organization of the United Nations